Breaking News >> News >> Democratic Voice of Burma


ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားသည့် သေဒဏ်အမိန့် စစ်ကောင်စီ အတည်ပြု


Link [2022-06-03 23:56:01]



၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုလိုက်လို့ စစ်ကောင်စီ ပြောခွင့်ရသူက  ဇွန်လ ၃ ရက် ဒီကနေ့  မီဒီယာတွေကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁  ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားအမည်ခံ လူတချို့က သေဒဏ်ချမှတ်ခံထားရသူတွေကို သတ်ပစ်ဖို့ တောင်းဆိုခဲ့ပြီးနောက်မှာ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူက အခုလို သေဒဏ်အတည်ဖြစ်ကြောင်း ပြောဆိုလာတာပါ။    ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိတယ်ဆိုပြီး  စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ခုံရုံးမှာ တရားစွဲကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ သေဒဏ်ချမှတ်တာဖြစ်ပါတယ်။  ဒီအမှုကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အယူခံဝင်ဖို့ကြိုးစားခဲ့ပေမယ့် စစ်ခုံရုံးကလက်မခံဘဲ သေဒဏ်ကို အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။  […]

Most Read

2024-09-19 19:04:33