Breaking News >> News >> Democratic Voice of Burma


ဗြိတိန်ဘုရင်မကြီး နန်းသက် ၇၀ ပြည့်အထိမ်းအမှတ်ပွဲ ဆင်နွှဲနေ


Link [2022-06-03 23:56:01]



ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်ဟာ ဇွန် ၂ ရက်က ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်မှာ စုပြုံရောက်ရှိနေတဲ့ လူစုလူဝေးကြီးကို လက်ဝှေ့ယမ်း နှုတ်ဆက်ပြီး ဗြိတိန်ထီးနန်းဆက်ခံခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲတွေကို စတင်ဆင်နွှဲခဲ့ပါတယ်။ ဘုရင်မကြီးဟာ ညဘက်မှာ သူ့ရဲ့ ဝင်ဆာရဲတိုက်နေအိမ်မှာ ပလက်တီနမ်ဂျူဗလီရဲ့ အဓိကပင်မ မီးရှူးကို စတင်ထွန်းညှိလိုက်ပါတယ်။ ဗြိတိန်နဲ့ ကမ္ဘာတဝန်းရှိ သန်းနဲ့ချီတဲ့လူတွေဟာ အသက် ၉၆ နှစ်အရွယ် ဘုရင်မကြီးကို ဂုဏ်ပြုကျင်းပတဲ့ ပွဲတော်တွေမှာ ပါဝင်ဆင်နွှဲကြဖို့ အားခဲထားကြပြီး ဗြိတိန်တဝန်းနဲ့ ဓနသဟာယနိုင်ငံတွေရဲ့ မြို့ပေါင်း ၂,၀၀၀ ကျော်မှာ မီးရှူးမီးပန်းတွေ ထွန်းညှိခဲ့ကြပါတယ်။ ဗြိတိန်ထီးနန်းရဲ့ စံချိန်တင် နန်းစံသက်တမ်း နှစ် ၇၀ ပြည့်အောင်ပွဲအတွက် လေးရက်ကြာ ဖျော်ဖြေပွဲတွေ၊ ပါတီတွေနဲ့ ချီတက်ပွဲတွေကို ဇွန် ၂ […]

Most Read

2024-09-19 19:04:51