Breaking News >> News >> Democratic Voice of Burma


ရုရှားအပေါ် အီးယူက ၆ ကြိမ်‌မြောက် ဒဏ်ခတ်ပိတ်ဆို့


Link [2022-06-03 23:56:01]



ဥရောပသမဂ္ဂ (အီးယူ) က ရုရှားရေနံနဲ့ ထိပ်တန်းဘဏ် Sberbank အပေါ် တင်းကျပ်တဲ့ အရေးယူမှုတွေ အပါအဝင် ရုရှားအပေါ် ၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုကို ဇွန် ၂ ရက်က အတည်ပြုခဲ့ပါတယ်။ အီးယူခေါင်းဆောင်တွေဟာ မေ ၃၁ ရက်မှာ ပြီးဆုံးခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ရုရှားအပေါ် ဆဋ္ဌမအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူအရ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။  ရုရှားရေနံအပေါ် ‘တစိတ်တပိုင်း ပိတ်ဆို့ခြင်း’ နဲ့ ရုရှားရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ Sberbank ကို နိုင်ငံတကာ ငွေကြေးလွှဲပြောင်းမှု အများစုအတွက် အသုံးပြုတဲ့ SWIFT ငွေပေးချေမှုစနစ်ကနေ ထုတ်ပယ်ခြင်းတွေ ပါဝင်ပါတယ်။ အီးယူစည်းမျဉ်းတွေအရ ပိတ်ဆို့အရေးယူမှုတွေကို အကျိုးသက်ရောက်စေဖို့ အဖွဲ့ဝင် ၂၇ နိုင်ငံလုံးက တညီတညွတ်တည်း သဘောတူဖို့လည်း လိုအပ်ပါတယ်။ […]

Most Read

2024-09-19 19:01:00