Breaking News >> News >> Democratic Voice of Burma


၂ နှစ်ကြာပိတ်ထားသည့် ရနောင်း- ကော့သောင်းဂိတ် အကန့်အသတ်ဖြင့် ပြန်ဖွင့်


Link [2022-06-02 21:18:00]



ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၂ နှစ်ကြာပိတ်ထားတဲ့ ထိုင်းတောင်ပိုင်း ရနောင်းမြို့နဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့ကြားက နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို မေ ၂၈ ရက်နေ့ကစပြီး ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အကန့်အသတ်နဲ့ ပြန်ဖွင့်တာမို့ ခါတိုင်းလို လူစည်ကားတာမဟုတ်ဘဲ ဇွန် ၁ ရက်နဲ့ ၂ ရက်အတွင်းမှာ အယောက် ၂၀ လောက်သာ မြန်မာဘက်ကနေ ဝင်လာပြီး မြန်မာပြည်ပြန်ဖို့ ရနောင်းမှာလာစောင့်ပြီး ပိတ်မိနေတဲ့သူတွေတော့ လက်မခံသေးဘူးလို့ ရနောင်းမြို့ မိဿသဟာယ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုသားကျော်က ဒီဗွီဘီကို ပြောပါတယ်။ “ရနောင်းမှာ ထိုင်းဘက်ကတော့ ဂိတ်ပြန်ဖွင့်ပါပြီခင်ဗျ။ မြန်မာဘက်ကတော့ အကန့်အသတ်ရှိတယ်။ မြန်မာဘက်ကနေ ထိုင်းဘက်ကို ပေးဝင်တာက တရားဝင် အမ်အိုယူလုပ်သားရယ်၊ ပြီးတော့ နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ဝင်လာသူ၊ သူတို့က […]

Most Read

2024-09-19 19:05:29