Breaking News >> News >> Democratic Voice of Burma


အငူမှော် မေယုမြစ်ဝတွင် ငါးဖမ်းစက်လှေ ၁ စီးနစ်မြုပ်


Link [2022-06-02 21:18:00]



ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမှော် မေယုမြစ်ဝမှာ ဇွန် ၁ ရက်က ငါးဖမ်းစက်လှေ တစီး နစ်မြုပ်ခဲ့တယ်လို့  ဒေသခံ ရေလုပ်သားတွေထံက သိရပါတယ်။  ငါးဖမ်းသမားတယောက်က “မနေ့က ငါးဖမ်းစက်လှေတစီး နစ်မြုပ်ခဲ့တယ်။ လူအသေအပျောက်တော့ မရှိခဲ့ပါ။ အဲဒီစက်လှေကိုလည်း တခြားစက်လှေတစီးက ကမ်းကို ဆွဲယူလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။ အဆိုပါ ငါဖမ်းစက်လှေမှာ လေပြင်းတိုက်ခတ်တာကြောင့် လှိုင်းကြီးလို့ မထိန်းနိုင်ဘဲ နစ်မြုပ်ခဲ့ရတာဖြစ်ပြီး အခုလို မေယုမြစ်ဝမှာ ငါးဖမ်းစက်လှေတွေနဲ့  ခရီးသည်တင် စက်လှေတွေ နစ်မြုပ်တာ ပထမဆုံးအကြိမ်လို့ ဒေသခံတွေက ပြောပါတယ်။ အငူမှော် မေယုမြစ်ဝကို ဖြတ်ကူးပြီး  စစ်တွေ ရေချမ်းပြင်ကို သွားရောက်နေကြတဲ့ ခရီးသည်တင် စက်လှေတွေမှာ အသက်ကယ်အင်္ကျီတွေနဲ့ ဘောကွင်းတွေ ဆောင်ထားသင့်တယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။ “ဒီမေယုမြစ်ဝမှာ အရင်က […]

Most Read

2024-09-19 19:06:49