Breaking News >> News >> Democratic Voice of Burma


ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၉ ဦးကို ထိုင်းရဲ ဖမ်းဆီး၊ လူသတ်မှု သံသယဖြင့် စစ်ဆေးခံနေရ


Link [2022-06-02 21:18:00]



ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို ထိုင်းနိုင်ငံသား ၂ ယောက်နဲ့အတူ ရဲတွေက ဟက်ရိုင်ခရိုင်ထဲမှာ ဖမ်းဆီးခဲ့ပြီး လတ်တလောမှာတော့ လူသတ်မှု သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူတို့ကို ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဇွန် ၁ ရက်ညပိုင်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီနေ့အစောပိုင်းမှာပဲ သူတို့ပုန်းအောင်းရာ နေရာအနီး ဂေါက်ကွင်းတခုဘေးမှာ ခြေ၊ လက်တွေ တုပ်နှောင်ခံထားရကာ သေဆုံးနေတဲ့ အမျိုးသား တယောက်ရဲ့ အလောင်းတွေ့ရှိမှုနဲ့အတူ သူတို့အဖွဲ့ကို သံသယရှိနေပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။ သူတို့အုပ်စု ပုန်းအောင်းရာ အနီးနားတောစပ်ကတော့ နယ်စပ်နဲ့ သိပ်မဝေးဘူးလို့ သတင်းမှာ ဖော်ပြထားပြီး သေဆုံးသူကတော့ အသက် ၄၀ အရွယ် […]

Most Read

2024-09-19 18:56:35