Breaking News >> News >> Democratic Voice of Burma


ကလေးမြို့နယ် ကျေးရွာများကို စစ်တပ်ကမီးရှို့ဖျက်ဆီး၊ စစ်ရှောင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်


Link [2022-06-01 20:56:01]



စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာနဲ့ ထောက်ကြန့်ရွာသစ်ကျေးရွာရှိ ‌နေအိမ်တွေကို စစ်‌ကောင်စီတပ်က မီးရှို့ဖျက်ဆီး‌ခဲ့သလို နတ်မြောင်းကျေးရွာက စစ်ရှောင်စခန်းကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်​ပြည်သူတချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့  ဒေသခံတွေက  ‌ပြောပါတယ်။ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာသားတွေရဲ့ နေအိမ်တွေကို စစ်‌ကောင်စီတပ်က‌ မေ ၃၁ ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီး‌ခဲ့တယ်လို့ ‌ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့အနေနဲ့ ဒါကတော့ အဆန်းတကြယ် မဟုတ်တော့ဘူး။ ရွာအနီးမှာ ထိ‌‌တွေ့မှုတွေ ဖြစ်တယ်၊ ရွာကိုဝင်တယ်၊ မီးရှို့တယ်။ အခုတော့ ဝေးရာကို ရောက်နေတယ်။ မီးရှို့ခံရတာက အခုဆိုရင်‌ ငါးကြိမ်ရှိပြီပေါ့။ ပြေးနေရတာကလည်း ကြာပြီ။ ခက်ခဲတာကတော့ နေထိုင်စားသောက်ရေးပါ။” နတ်ချောင်းကျေးရွာမှာ အိမ်ခြေ ၂,၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၀,၀၀၀ ဝန်းကျင် […]

Most Read

2024-09-19 19:02:22