Breaking News >> News >> Democratic Voice of Burma


ဖားကန့်တွင် အရပ်သား ၄ ဦး ပစ်သတ်ခံရ


Link [2022-06-01 20:56:01]



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဆွတ်အောင်ကျေးရွာအနီးမှာ အရပ်သား ၄ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ မေ ၃၁ ရက် ည ၈ နာရီဝန်းကျင်က အခုလို ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ဆွတ်အောင်ကျေးရွာ သုသာန်အနီးက လျှိုထဲမှာ ညှင်းပန်းနှိပ်စက်ခံထားရပြီး သေနတ်ဒဏ်ရာကိုယ်စီနဲ့ သေဆုံးနေတာကို ကျေးရွာသားတွေက တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို မသိရှိရဘဲ လက်ပြန်ကြိုးတုပ်ခံထားရပြီး သေနတ်နဲ့ ပစ်သတ်ခံထားရကာ ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးနေတာဖြစ်တယ်လို့ ပရဟိတ အဖွဲ့ဝင်တဦးက ပြောပါတယ်။ အဲဒီလို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ညက ရွာအနီးနားမှာ သေနတ်သံတွေ ကြားပေမဲ့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသွားသူ ၄ ယောက်ရဲ့  ရုပ်အလောင်းတွေကို […]

Most Read

2024-09-19 19:01:22