Breaking News >> News >> Democratic Voice of Burma


မကွေးမြို့ အမှတ် ၂ ရဲစခန်းတွင် စခန်းမှူးကို စစ်ကောင်စီတပ်သားက ထိုးကြိတ်


Link [2022-06-01 20:56:01]



မကွေးတိုင်း၊ မကွေးမြို့ အမှတ် ၂ ရဲစခန်းမှာ မေ ၃၁ ရက်က စစ်ကောင်စီတပ်သားတယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ မကွေးနယ်မြေရဲစခန်းမှ ရဲတပ်သားတယောက်က ဒီဗွီဘီကို ပြောပါတယ်။ “မကွေးလေတပ်စခန်း ဌာနချုပ်က စစ်ကောင်စီတပ်သားကို မကွေး အမှတ် ၂ နယ်မြေ ရဲစခန်းမှာ ချုပ်နှောင်ထားတာဗျ။ အဲဒါကို လေတပ်စခန်းက အရာရှိတွေက လာထုတ်တဲ့အချိန်မှာ လက်ထိတ်ဖြုတ်ပေးလိုက်တော့ စခန်းမှူး ရဲအုပ်အောင်စိုးကို အဲဒီစစ်သားက လက်သီးနဲ့ ထထိုးတာ။” ရဲစခန်းက အကြီးဆုံးဖြစ်တဲ့ စခန်းမှူးကို စစ်သားက ထိုးတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ မခံနိုင်ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အဲဒီစစ်သားကို ဖမ်းဆီးကာ သူ့တို့အရာရှိနဲ့ ပြန်လွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။ “စစ်စည်းကမ်း ထိန်းသိမ်းရေးအရတော့ အရေးယူမှာပေါ့။ စခန်းမှူးအပါအဝင် ကျနော်တို့ စခန်းက ရဲတွေကိုလည်း စုံစမ်းစစ်ဆေးရေး […]

Most Read

2024-09-19 18:59:56