Breaking News >> News >> Democratic Voice of Burma


နေပြည်တော် ကြံ့ခိုင်ရေးပါတီဌာနချုပ်တွင် ခိုလှုံနေသူ ၂၀၀ ကျော်အတွက် အကူအညီနှင့် မြေနေရာ ပေးရန် ဘူးလက်လှဆွေ တောင်းဆို


Link [2022-06-01 14:36:21]



နေပြည်တော်ရှိ ပြည်တောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနရုံးချုပ်မှာ ရောက်ရှိခိုလှုံနေသူ ၂၀၀ ကျော်အတွက်ကူညီပေးဖို့နဲ့ မြေနေရာချပေးဖို့   ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးလှဆွေ (ဘူးလက်လှဆွေ)က  စစ်ကောင်စီဆီမှာ တောင်းဆိုပါတယ်။ ဇွန် ၁ ရက် ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက တက်ရောက်မေးမြန်းရာမှာ စစ်ကောင်စီ လက်အောက်ခံ လူကယ်ပြန်ဌာနတာဝန်ရှိသူတွေကို တောင်းဆိုလိုက်တာပါ ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ရှိ ကြံ့ခိုင်ရေးရုံးမှာ တိုင်းနဲ့ပြည်နယ် ၅ ခုက လူပေါင်း ၂၃၀ လာရောက်ခိုလှုံနေတာ တနှစ်လောက်ရှိပြီလို့ ဦးလှဆွေက  ပြောပါတယ်။ “ဒီနေ့အချိန်အထိ လူကယ်ပြန်ဝန်ကြီးဌာနက လာရောက်ကြည့်ရှုတာ ထောက်ပံ့တာမရှိပါဘူး။ ကြံ့ခိုင်ရေးပါတီကတော့ ၂ ကြိမ်ထောက်ပံ့ထားပါပြီ။ အလှူခံကျွေးနေတဲ့သဘောပါ”လို့ ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီရုံးမှာ လာရောက်ခိုလှုံနေသူတွေထဲမှာ သူတို့ထဲက ၃၀ […]

Most Read

2024-09-20 00:17:51