Breaking News >> News >> Democratic Voice of Burma


ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်


Link [2022-06-01 11:32:19]



စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက ညောင်ပင်ဝန်းကျေးရွာအနီးမှာ မေ ၃၁ ရက် မနက် ၇ နာရီက စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်အတွင်းကနေ ဖလပ်မော်တော်တွေနဲ့ စုန်ဆင်းရင်း ဒေသခံတွေရဲ့ ကျေးရွာတွေကို မီးရှို့တာတွေ လုပ်ဆောင်တာကြောင့် အခုလို ဒေသခံ ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ရတာလို့ ဆိုပါတယ်။ ဒေသခံရွာသားတဦးက “ဖြစ်ကြတာတော့ မနက်ခင်း ၇ နာရီလောက်ကတည်းက ဖြစ်နေကြတယ်။ သူတို့ဘက်က မော်တော်ပေါ်ကနေ စုန်လာတာတဖွဲ့၊ မြစ်ကမ်းနဖူးပေါ် မြေပြင်ကနေလာတာတဖွဲ့ အားလုံးပေါင်း နှစ်‌ဖွဲ့ ကနီမြို့ကနေ အောက်ကိုစုန်လာတယ်။ ဘေးတွေလည်း သေနတ်တွေနဲ့ ရမ်းပစ်တာတွေလည်း လုပ်တယ်” လို့  ပြောပါတယ်။ စစ်ကောင်စီက အခုလို ကျေးရွာတွေဆီကို လက်နက်ကြီး၊ […]

Most Read

2024-09-20 00:15:43