Breaking News >> News >> Democratic Voice of Burma


တမူးမြို့နယ် ဖက်ဒရယ်ကျောင်းဖွင့်လှစ်မည်၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ စာရင်းသွင်းနိုင်


Link [2022-06-01 11:32:19]



စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဦးစီးဖွင့်လှစ်မယ့် ဖက်ဒရယ် ပညာရေးကျောင်းအတွက် သင်ကြားပို့ချပေးမယ့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ လိုအပ်နေတယ်လို့  တမူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံကနေ သိရပါတယ်။ တမူးမြို့နယ်အပါအဝင် တခြားမြို့နယ်တွေက CDM ဆရာ ဆရာမတွေပါ  သင်တန်းတက်ရောက်လိုပါက ‌အမည်စာရင်း ပေးသွင်းနိုင်တယ်လို့သိရပါတယ်။ တမူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် တယောက်က “ကျနော်တို့ တမူးမြို့နယ်၊ ဖက်ဒရယ်ပညာရေးကျောင်း စတင်ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မကြာမီကာလအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်လို့ CDM ကျောင်းသူကျောင်းသားတွေ ကြားကာလ ပညာရေးလစ်ဟင်းမှု မဖြစ်စေဖို့ လတ်တလော အခြေအနေမှာ အွန်လိုင်းကတဆင့် သင်ကြားသင်ယူမှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အင်တာနက်လိုင်း အခက်အခဲကြောင့် လက်လှမ်းမမီတဲ့ ရွာတွေက ကျောင်းသူကျောင်းသားတွေကိုလည်း တဆင့်ချင်း ချိတ်ဆက်ပြီး သင်ကြားသင်ယူနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ […]

Most Read

2024-09-20 00:22:00