Breaking News >> News >> Democratic Voice of Burma


သေနတ်သံတွေ တိတ်သွားသည်အထိ ကဗျာတွေ ရွတ်ဆိုကြ


Link [2022-06-01 11:32:19]



တခါတရံ မဂ္ဂဇင်းတချို့တွင် ကဗျာရွတ်ပွဲများအကြောင်းကို ဖတ်ရသည်။ ထိုအခါ ကဗျာရွတ်ဆိုသည့် အလေ့အကျင့် အနည်းအကျဉ်းရှိလာခဲ့သူ မိမိအဖို့ အလိုလို တက်ကြွရွင်လန်းနေမိသည်။ မဂ္ဂဇင်းထဲတွင်ပါသည့် ကဗျာရွတ်ပွဲများကို စိတ်ကူးနှင့် မြင်ကြည့်သည်။ စိတ်နားနှင့် ထောင်ကြည့်သည်။ ကဗျာရွတ်ဆိုနေကြသူများ၏ ကိုယ်ဟန်အမူအရာများကို စိတ်ကူးဖွဲ့ကြည့်သည်။ ရွတ်ဆိုကြသည့် ကဗျာများထဲ၌ မိမိ ကျက်မှတ်မိပြီး ကဗျာ ပါဝင်ပါက ကိုယ်တိုင် ကဗျာဝင်ရွတ်နေသလို စိတ်လှုပ်ရှားရသည်။ ကဗျာ တပိုင်းတစကို ပါးစပ်က အလိုလို ရွတ်ဆိုမိလျက်သား ဖြစ်ရသည်။ ကဗျာရွတ်ပွဲတွင် ပါဝင်ရွတ်ဆိုသူများ၏ ရင်ခုန်မှုအရှိန်အဟုန်များမှာ မီးတောက်တစ်ခုက တခြားမီးတောက်တစ်ခုဆီ ယိမ်းထိုး ကူးယှက်သွားသလို မိမိထံထိ ယှက်ပူးဝင်လိုက်ကြခြင်းဖြစ်ဟန်တူလေသည်။  အမှန်စင်စစ် ကဗျာရွတ်ဆိုခြင်း အလုပ်ကို မိမိကိုယ်တိုင်က အသိရှိရှိနှင့်စတင် ဆောင်ရွက်လိုက် နိုင်ခဲ့ခြင်းတော့ မဟုတ်ချေ။ ၁၉၉၃ ခု၊ မာနယ်ပလော၌ […]

Most Read

2024-09-20 00:20:38