Breaking News >> News >> Democratic Voice of Burma


ရေးမြို့ အ.ထ.က ၁ ကျောင်းအနီး မပေါက်ကွဲသေးသည့် ဗုံးတွေ့


Link [2022-06-01 11:32:19]



မွန်ပြည်နယ်၊ ရေးမြို့ အ.ထ.က ၁ ကျောင်းအနီး ကျောင်းပြင်ပနေရာမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးကို ဇွန် ၁ ရက် မနက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စာသင်ကျောင်းနေရာတွေမှာ လုံခြုံရေးတွေ တင်းကျပ်ချထားတဲ့ ကြားကနေ အခုလို မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါ ဗုံးကို စစ်ကောင်စီတပ်ကပဲ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။   ဒီကနေ့ ဇွန် ၁ ရက်နေ့မှာ ကျောင်းစတင်ဖွင့်လှစ်ပေမဲ့ ကျောင်းသားကျောင်းသူတွေ အနည်းကျဉ်းသာ တက်ရောက်ကြပြီး  ကျောင်းကို မတက်ရဲကြတဲ့သူတွေလည်းရှိတယ်လို့ ကျောင်း သားမိဘတယောက်က ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က ကျောင်းမှာ လုံခြုံရေးတွေ ချထားပေမဲ့လည်း ကျောင်းသား ကျောင်းသူတွေရဲ့ လုံခြုံရေးအန္တရာယ်က စိုးရိမ်ရတဲ့ အခြေနေမှာရှိတယ်လို့  ကျောင်းသားမိဘ တယောက်ကလည်း ပြောပါတယ်။ […]

Most Read

2024-09-20 00:14:43