Breaking News >> News >> Democratic Voice of Burma


သေနတ်ကိုင်အကြမ်းဖက်မှုကို လော့စ်အိန်ဂျလိစ် အထက်တန်းကျောင်းသားများ ဆန့်ကျင်ဆန္ဒပြ


Link [2022-06-01 11:32:19]



အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်ရှိ မစ်ဂွဲလ်ကွန်ထရီရာ့စ် သင်ကြားရေးစင်တာ အထက်တန်းကျောင်းက ကျောင်းသားတွေဟာ မေ ၃၁ ရက်က ကျောင်းပြင်ပကို ထွက်လျှောက်ပြီး သေနတ်ကိုင်အကြမ်းဖက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ တက္ကဆက်ပြည်နယ်၊ ယူဗဲဒီမြို့ မူလတန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွင်း ကလေးတွေနဲ့ ဆရာ အပါအဝင် ၂၁ ဦး သေဆုံးခဲ့ရပြီး တပတ်အကြာမှာ ခုလို ဆန္ဒပြခဲ့တာပါ။ လော့စ်အိန်ဂျလိစ်မြို့တော်ခန်းမ အပြင်ဘက်မှာ စုရုံးနေကြတဲ့ ကျောင်းသားတွေဟာ အလံတွေဝှေ့ယမ်းပြီး သေနတ်ကိုင်ဆောင်မှု ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ရွတ်ဆိုခဲ့ကြပါတယ်။ “ဒီအဆောက်အအုံမှာ ချေမှုန်းရေးလက်နက်တွေကို တားမြစ်ထားပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ချေမှုန်းရေးလက်နက်တွေ ပျံ့နေတာကို တားမြစ်ထားကြောင်းနဲ့ ဒါကိုလည်း ဝါရှင်တန်က တားမြစ်ထားတာပါ”လို့ ကောင်စီဝင် ပေါလ်ခရက်ခေါ်ခီယံက လူစုလူဝေးကို မိန့်ခွန်းပြောခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ […]

Most Read

2024-09-20 00:13:47