Breaking News >> News >> Democratic Voice of Burma


ယူကရိန်း ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပွဲပြုလုပ်


Link [2022-06-01 11:32:19]



ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရောမမြို့ ဘက်ဆယ်လီကာ အဆောက်အအုံရှိ ဆန်တာမာရီယာမက်ဂျော်ရီခန်းမကို မေ ၃၁ ရက်က သွားရောက်ခဲ့ပြီး ယူကရိန်းနိုင်ငံနဲ့ တခြားနေရာတွေက ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာ ဆုတောင်းပွဲတခုကို ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။ အသက် ၈၅ နှစ်ရှိ ပုပ်ရဟန်းမင်းကြီးဟာ ရောမအစဉ်အလာအရ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ ငြိမ်းချမ်းရေးသခင်မ မေရီရဲ့ရုပ်တုရှေ့မှာ ဆုတောင်းခဲ့တာပါ။ ဒီဆုတောင်းပွဲကို ယူကရိန်း၊ အီရတ်၊ ဆီးရီးယားနဲ့ တခြားနိုင်ငံတွေက ဘုရားကျောင်းတွေနဲ့လည်း ချိတ်ဆက်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ အကြမ်းဖက်မှုနဲ့ ရန်လိုမှုတွေ ပြည့်နှက်နေတဲ့ နှလုံးသားတွေကို ပြန်လည်ပေါင်းစည်းပေးဖို့ ခရစ်ယာန်သာသနာမှာ ဘုရားသခင်ရဲ့ မိခင်အဖြစ် ကြည်ညိုလေးစားခံရသူ မယ်တော် မေရီကို တောင်းဆိုခဲ့ပါတယ်။ ရောမမြို့မှာတော့ ယူကရိန်းအလံအရောင် အပြာနဲ့ အဝါရောင်တွေ ဝတ်ဆင်ထားတဲ့ လူပေါင်း ၁၀၀၀ […]

Most Read

2024-09-20 00:25:14