Breaking News >> News >> Democratic Voice of Burma


ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာ စာသင်ကျောင်းအနီး လက်လုပ်မိုင်းတွေ့


Link [2022-06-01 09:30:09]



ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ မိုင်းအင်ကျေးရွာ အထက်တန်းကျောင်းရှေ့မှာ မေ ၃၀ ရက် မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတလုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတဦးက “ကျောင်းနားမှာ ဗုံးထောင်တာဆိုတော့ ဘယ်သူလုပ်မှာလဲ၊ သူတို့ပဲရှိမှာပေါ့၊ PDF တွေက ကျောင်းတွေမှာ ဗုံးခွဲနေပါတယ်ဆိုပြီး သတင်းလွှင့်ချင်တာနေမယ်၊ အဲ့ဒီကျောင်းက အခု ကျောင်းအပ်လက်ခံနေပြီ” လို့ ပြောပါတယ်။ ပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းကို စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းပြီး လူတွေ ထိခိုက်တာတော့မရှိဘူးလို့ သိရပါတယ်။ မြို့ပြပျောက်ကျားတပ်ဖွဲ့ဝင်တဦးက “စာသင်ကျောင်းရှေ့မှာ မိုင်းထောင်ခဲ့တာ မရှိပါဘူး။ ကျနော်တို့က အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသူ ကျောင်းသား ကလေးငယ်တွေကို ထိခိုက်အောင်မလုပ်ပါဘူး။ ဒီလိုလုပ်ရပ်တွေ စစ်ကောင်စီကပဲ လုပ်နေတယ်ဆိုတာကို ပြည်သူတွေအားလုံး သိပါတယ်။ အဓိကကတော့ မြို့ပြပျောက်ကျားတပ်ဖွဲ့တွေ၊ PDF တွေကို ပုံရိပ်ပျက်ပြားအောင် […]

Most Read

2024-09-20 00:08:18