Breaking News >> News >> Democratic Voice of Burma


တိုင်းပြည်အေးချမ်းနေပြီဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော


Link [2022-06-01 09:30:09]



တိုင်းပြည် အေးချမ်းတဲ့ အနေအထားသို့ ရောက်ရှိလာပြီဖြစ်တယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၃၁ ရက် နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့ကာ အချို့ EAO အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်ခဲ့ပြီး ယနေ့အချိန်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့သော် အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်မှုများကြောင့် တာဝန်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း၊ ယခုအခါ အေးချမ်းသည့် အနေအထားသို့ ရောက်ရှိလာပြီ” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ အခုပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်နေရာမှာ ကျောင်းသူကျောင်းသား […]

Most Read

2024-09-20 00:25:56