Breaking News >> News >> Democratic Voice of Burma


ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက စစ်ဘေးဒုက္ခသည်များ စားနပ်ရိက္ခာအခက်ကြုံ


Link [2022-06-01 09:30:09]



ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအခက်ကြုံ နေရတယ်လို့ မေလ ၂၈ ရက်မှာ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ စစ်တပ်နဲ့ M23 သူပုန်အုပ်စုတွေကြား တိုက်ပွဲတွေကြောင့် သီတင်းပတ်တပတ်အတွင်း လူ ၇၂၀၀၀ ကျော်အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ ကွန်ဂိုအရှေ့ပိုင်း သူပုန်အုပ်စု M23 ဟာ ကျေးလက်ဒေသ အနှံ့အပြားကို သိမ်းပိုက်ထားပါတယ်။ နိုင်ငံရှေ့ပိုင်းကအဓိကမြို့ဖြစ်တဲ့ ဂိုမာမြို့နဲ့ ၁၂ မိုင်အကွာမှာ အကြီးအကျယ်တိုက်ပွဲ ဖြစ်နေပြီး သူပုန်တွေက စစ်တပ်ရဲ့ ဒေသအတွင်း အကြီးဆုံးအခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကွန်ဂိုနိုင်ငံမှာ ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေ ၅ ဒသမ ၆သန်း ရှိပြီး အာဖရိကမှာ အများဆုံးအဖြစ် ကုလသမဂ္ဂက စာရင်းသွင်း ထားပါတယ်။

Most Read

2024-09-20 00:12:34