Breaking News >> News >> Democratic Voice of Burma


ကိုဗစ်ကူးစက်ခံရပြီးနောက် တလခွဲကြာ မပြေးလွှားနိုင်ခဲ့ဟု မက်ဆီဖွင့်ဟ


Link [2022-06-01 09:30:09]



ပြီးခဲ့တဲ့ရာသီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် တလခွဲလောက်အထိ မပြေးလွှားနိုင်ခဲ့ဘူးလို့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက ပြောပါတယ်။ မက်ဆီဟာ အခုနှစ် ဇန်နဝါရီလပိုင်းက ကိုဗစ်ကူးစက်ခံခဲ့ရပြီး ရောဂါပျောက်ကင်းသွားခဲ့ပေမဲ့ ပုံမှန်အတိုင်း ကစားနိုင်ဖို့ အချိန်အတော်ကြာ ကြိုးပမ်းခဲ့ရတာပါ။ အခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ မက်ဆီဟာ ဇန်နဝါရီ ၂၃ ရက်မှာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းလေ့ကျင့်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကူးစက်ခံရတဲ့ ဒဏ်ကြောင့် အပြည့်အဝ ပြေးလွှားနိုင်တာမျိုး မရှိခဲ့ဘဲ တလခွဲလောက် အချိန်ယူခဲ့ရတယ်လို့ မက်ဆီက ပြောပါတယ်။ “ကိုဗစ်ကူးစက်ခံရချိန်မှာ အဆုတ်ကို ထိသွားခဲ့ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားခဲ့ရပါတယ်။ အဆုတ်တိုက်ခိုက်ခံခဲ့ရတာကြောင့် တလခွဲလောက် ကောင်းကောင်း မပြေးလွှားနိုင်တော့ဘဲ အဲဒီနောက်ပိုင်းကျမှ အရင်လို လျင်မြန်တဲ့ ပြေးလွှားမှုတွေ လုပ်နိုင်ခဲ့တယ်” လို့ […]

Most Read

2024-09-20 00:21:28