Breaking News >> News >> Democratic Voice of Burma


ချင်းတွင်းမြစ်အတွင်း ကျောက်စိမ်းတင်လာသည့် စစ်ကောင်စီရေယာဉ် တိုက်ခိုက်ခံရ


Link [2022-05-31 19:17:44]



စစ်ကိုင်းတိုင်း၊ ကနီမြို့အထက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ကျောက်စိမ်းတွေ တင်ဆောင်ကာ စုန်ဆင်းလာတဲ့ စစ်ကောင်စီ စက်လှေအသေး ၅ စီးနဲ့ ဖလက်ယာဉ် ၇ စီးကို ဆရာစံ PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ ၇ ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဆရာစံ PDFအဖွဲ့ တာဝန်ရှိသူက “သူတို့တွေက ကျောက်စိမ်းတွေကို ကုန်းကြောင်းအတိုင်းသယ်ရင် တိုက်ခိုက်ခံရမှာစိုးလို့ ရေကြောင်းကနေသယ်လာတာနေမယ်။ ကျနော်တို့က သေချာစောင့်ကြည့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူ့တို့ဘက်က ဖလက် တစ်စီး ပျက်စီးသွားတယ်။ ထိခိုက်သေဆုံးမှုတော့ မသိလိုက်ရဘူး”လို့ ပြောပါတယ်။  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြစ်ကမ်းရိုးတစ်လျှောက်မှာရှိတဲ့ အထက်ကင်း၊ အောက်ကင်းနဲ့ ကဲဒေါင်း ကျေးရွာ ၃ ရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။  အဆိုပါတိုက်ခိုက်မှုကို ဆရာစံ-PDF ၊ MPDF(DEMO) ၊ GTF- […]

Most Read

2024-09-20 00:20:47