Breaking News >> News >> Democratic Voice of Burma


နောင်ချိုမြို့နယ် ပညာရေးမှူးရုံးအတွင်း ဗုံးကွဲ


Link [2022-05-31 19:17:44]



ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ပညာရေးမှူးရုံးအတွင်း မေ ၃၁ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၅ ယောက်ထက်မနည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။ “မြို့နယ်ပညာရေးမှူးရုံးထဲ ပေါက်ကွဲမှုဖြစ်တယ်။ ရုံးခေါင်မိုးတွေပါ လန်ထွက်သွားတယ်။ လူထိခိုက်မှုလည်း များတယ်”လို့ မြို့ခံတွေက ပြောပါတယ်။ ဒီပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူတွေထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးပါဘူး။  ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။

Most Read

2024-09-20 00:19:01