Breaking News >> News >> Democratic Voice of Burma


ရခိုင်တွင် စစ်ရေးတင်းမာနေချိန် စစ်ကောင်စီရေတပ်က ၁ စီးတည်းသော ရေငုပ်သင်္ဘောကို ပို့ဆောင်


Link [2022-05-31 19:17:44]



ရခိုင်ပြည်နယ်မှာ၊ စစ်ရေးတင်းမာနေချိန်မှာ စစ်ကောင်စီရေတပ်ရဲ့  ရေငုပ်စစ်သင်္ဘောကို  မေ ၃၁ ရက် ဒီနေ့မနက်က ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ဖြတ်သန်းသွားခဲ့တာကို မြင်တွေ့လိုက်ကြတယ်လို့  ဒေသခံတွေက ပြောပါတယ်။ ရေငုပ်သင်္ဘောဟာ ဒီနေ့ မနက် ၈ နာရီလောက်က ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ကို ဖြတ်သန်းသွားတာဖြစ်ပြီး အဲဒီသင်္ဘောရှေ့မှာ တခြား စစ်သင်္ဘော တစီးလည်း ခုတ်မောင်းသွားကာ  ဓညဝတီရေတပ်စခန်းဌာနချုပ်လက်အောက်မှာရှိတဲ့ အုန်းဂျွိန်စခန်းကို သွားရောက်တာဖြစ်နိုင်လို့ ဒေသခံ ၁ ဦးက ခန့်မှန်း ပြောပါတယ်။ “ဒီနေ့ မနက် ၈ နာရီဝန်းကျင်လောက် မြင်လိုက်ရတာပေါ့။ ရေပေါ်မှာတော့ နည်းနည်းတော့ပေါ်နေတယ်။ အဝေးက လှမ်းကြည့်ရတာဆိုတော့ သင်္ဘောပေါ်မှာ လူတွေ ပုံစံမျိုးတော့ မြင်ရတယ်။ ရေတပ်ဌာနချုပ်ရဲ့ ကမ်းတဘက်မှာရှိတဲ့ အုန်းဂျွိန်ရေတပ်စခန်းကို သွားတာဖြစ်လောက်တယ်။” စစ်ကောင်စီဟာ တရုတ်စီမံကိန်းတွေရှိတဲ့ မဒေးကျွန်းရဲ့ […]

Most Read

2024-09-20 00:22:59