Breaking News >> News >> Democratic Voice of Burma


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းတာသာဖြစ်ဟု ဦးမောင်ဝိတ် ထွက်ဆို


Link [2022-05-31 14:42:21]



စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူဒါန်းခဲ့တာကို အကြောင်းပြုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှု ၂ ခုကို မေ ၃၁ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ ဦးမောင်ဝိတ် လာရောက်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကြေးလှူဒါန်းခဲ့တာသာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က   ဒီကနေ့ရုံးချိန်း အမှုစစ်ဆေးပြီးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို   ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ရုံးချိန်းကိုရောက်လာတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကျန်းမာရေးကောင်းမွန်တဲ့ အနေအထားမှာရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ “ဒီနေ့ အတိုင်ပင်ခံကိုစွပ်စွဲထားတဲ့ အဂတိအမှု ၃ နဲ့ ၄ကို ဆက်စစ်တယ်။ ဦးမောင်ဝိတ် ရောက်လာပြီး ထွက်ဆိုတယ်။ သူကတော့ လှူတယ်ပဲ ထွက်ဆိုခဲ့တာပါ။ ညနေပိုင်းမှာတော့ တရားလို ဦးရဲထက်ကို […]

Most Read

2024-09-20 00:23:56