Breaking News >> News >> Democratic Voice of Burma


ရန်ကုန်မြို့လယ်တွင် အင်အားပြင်း ဗုံးပေါက်ကွဲ


Link [2022-05-31 14:42:21]



ရန်ကုန်မြို့လယ်က ဘားလမ်းကားမှတ်တိုင်မှာ မေ ၃၁ ရက် ဒီနေ့ ညနေ ၃ နာရီ မိနစ် ၂၀ လောက်က ဗုံးပေါက်ကွဲခဲ့ပြီး လမ်းသွားလမ်းလာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ သေဆုံးသူတွေလည်းရှိနိုင်တယ်လို့  မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ “ဗုံးသံက အတော်ပြင်းတယ်။ ပန်းဆိုးတန်းလောက်ကနေ အကျယ်ကြီးကြားရတယ်။ ၂ ယောက်လား  မသိဘူး သေတယ်ကြားတယ်”လို့ အဲဒီအနီးနားမှာ ရှိနေတဲ့သူတစ်ယောက်က ပြောပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အခြေအနေအတိအကျကို အတည်မပြုနိုင်သေး သလို ဗုံးပေါက်ကွဲရတဲ့ အကြောင်းအရင်းနဲ့ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။ အခုပေါက်ကွဲမှုဟာ  စစ်အာဏာသိမ်းကာလအတွင်း ရန်ကုန်မြို့ထဲမှာ  ပြည်သူထိခိုက်မှု အများဆုံး  ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ 

Most Read

2024-09-20 00:11:08