Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီကို ငွေကြေးထောက်ပံ့သည့် ကျိုက်ထိုမြို့က လုပ်ငန်းရှင် ၄ ဦး သတိပေးခံရ


Link [2022-05-31 14:42:21]



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီထံ ငွေကြေး ထောက်ပံ့နေတဲ့ လုပ်ငန်းရှင် ၄ ဦးကို ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က မေ ၃၀ ရက်မှာ စာပေးပို့ သတိပေးလိုက်ပါတယ်။ သတိပေးခံထားရတဲ့သူ‌တွေထဲမှာ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် ၂ ဦးနဲ့ စားသောက်ဆိုင် လုပ်ငန်းရှင် ၂ ဦးပါဝင်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။ သတိပေးထားတဲ့ လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စစ်ကောင်စီထံ ပေးပို့ တာတွေ လုပ်ဆောင်နေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက ပြောပါတယ်။ သတိပေးထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်နေမယ်ဆိုရင် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမှာဖြစ်ကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို […]

Most Read

2024-09-20 00:14:26