Breaking News >> News >> Democratic Voice of Burma


ပေါက်-ပခုက္ကူကားလမ်းပေါ်ရှိ အုန်းတောတံတား အမှတ်(၁) ဖောက်ခွဲဖျက်ဆီးခံရ


Link [2022-05-31 14:42:21]



စစ်ကောင်စီယာဥ်တန်းတွေ ဖြတ်သန်းသွားလာလေ့ရှိတဲ့ ပေါက်-ပခုက္ကူကားလမ်းပေါ်က အုန်းတောတံတား အမှတ်(၁)ကို  မေလ ၃၀ ရက်  ည ၁၂ နာရီလောက်မှာ PDF-မကွေး တပ်ရင်းက ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ PDF-မကွေး ကနေသိရပါတယ်။ မကွေးတိုင်းဒေသကြီး၊  ပေါက်မြို့အဝင် အုန်းတောတံတားဟာ ယောဒေသဘက်ကို စစ်ကောင်စီတပ်တွေ ရိက္ခာပို့၊ စစ်ကြောင်းထိုးရာမှာ အများဆုံးအသုံးပြုတဲ့ တံတားဖြစ်တယ်။  PDF-မကွေးရဲ့ တပ်ရင်းမှူး ဗိုလ်ညိုကြီးက “အဲဒီတံတားကို မနေ့က ည ၁၁ နာရီ ၅၅ မိနစ်မှာ အဝေးထိန်းမိုင်းလုံးနဲ့ ဖောက်ခွဲရာ မိုင်း တလုံးကွဲပြီး တံတားဖျက်ဆီးခဲ့တယ်။ မိုင်းတွေကတော့ တံတားတစင်းလုံး အပြည့်ဆင်ထားပြီး တလုံးပဲ ပေါက်ကွဲသေးတာ။ တံတားကတော့ ကားတွေဖြတ်သန်းသွားလာလို့ မရတော့ဘူး။ ဆိုင်ကယ်တွေတော့ သွားလို့ရတယ်”လို့ ပြောပါတယ်။ ဒီတံတား အနီးနားမှာ ကပစ(၂၄) […]

Most Read

2024-09-20 00:12:17