Breaking News >> News >> Democratic Voice of Burma


ထိုင်းလေဆိပ်တွင် နိုင်ငံခြားသား ၁ ဦး ‌မျောက်ကျောက်ရောဂါတွေ့ရှိ


Link [2022-05-31 14:42:21]



ထိုင်းနိုင်ငံ၊ ဘန်ကောက် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးတထောက်လာနားပြီး ဩစတြေးလျကို ဆက်လက်ထွက်ခွာသွားတဲ့ ခရီးသည်တယောက်ထံမှာ မျောက်ကျောက်ရောဂါ တွေ့ရှိတယ်လို့ ထိုင်းနိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာနက ပြောပါတယ်။ အဆိုပါခရီးသည်ဟာ  လွန်ခဲ့တဲ့အပတ်က ဥရောပနိုင်ငံကနေ ဝင်ရောက်လာပြီး သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်မှာ ၂ နာရီကြာ ခရီးတထောက်လာနားခဲ့ကြောင်း၊ အဲဒီနောက် ခရီးဆက်ထွက်ခွာသွားရာ ဩစတြေးလျနိုင်ငံရောက်မှ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတာ တွေ့ရှိတယ်လို့ထိုင်းနိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကျရရတ် ဖိထယားဝုန်းအားနွန်းက ပြောပါတယ်။ ဒါကြောင့် အဆိုပါခရီးသည်နဲ့ ထိတွေ့ခဲ့သူ ၁၂ ဦးကို စောင့်ကြည့်စစ်ဆေးနေသလို၊ သူတို့တွေဟာ ပိုးရှိသူနဲ့ လေယာဉ်တစ်စီးတည်း အတူတကွစီးနင်းလိုက်ပါလာသူတွေလို့ ဆိုပါတယ်။ ဒီမတိုင်ခင်က ထိုင်းတောင်ပိုင်း ဖူးကက်မြို့မှာ လက်ဝှေ့သင်တန်းလာတက်နေတဲ့ အိုင်ယာလန်နိုင်ငံသား ၅ ဦးမှာ အရည်ကြည်ဖုတွေ တွေ့ရှိတဲ့အတွက် သံသယလူနာအနေနဲ့ စောင့်ကြည့်စစ်ဆေးရာမှာ သာမန်ရေယုန်ရောဂါသာဖြစ်ပြီး စိုးရိမ်စရာမရှိဘူးလို့ […]

Most Read

2024-09-20 00:20:47