Breaking News >> News >> Democratic Voice of Burma


ပြည်တွင်း စက်သုံးဆီဈေး ထပ်တက် ဆိုင်အများစု ဆီပြတ်


Link [2022-05-31 11:38:21]



ရန်ကုန်မြို့က စက်သုံးဆီဈေးဆိုင်တွေမှာ တစ်လီတာကို ကျပ် ၅၀ လောက် တစ်ရက်အတွင်း ထပ်မံမြင့်တက်လာပြီး ဆိုင်အများစုမှာ ဆီပြတ်လပ်နေပါတယ်။ အခုလို စက်သုံးဆီ  ဈေးနှုန်းကြီးမြင့်ပြီး ဝယ်ယူရခက်တဲ့ပြဿနာကြောင့် ယာယီပိတ်ထားတဲ့ အရောင်းဆိုင်တွေလည်း များလာတယ်လို့ စက်သုံးဆီ ဈေးကွက်ကနေ သိရပါတယ်။ အငှားယာဉ်မောင်းတစ်ဦးက “ကျနော် သွားထည့်ခဲ့တဲ့ ဆိုင်တွေဆိုရင်  ဒီနေ့ မနက်  ရိုးရိုးဒီဇယ် တမျိုးပဲ အရောင်းဖွင့်တယ်။ ကျန်တဲ့ဆီတွေကို အရောင်းပိတ်ထားတယ်ဗျ။ တချို့ဆိုင်တွေကျလည်း လုံးဝ အရောင်းရပ်ထားကြတယ်။ ရတဲ့ဆိုင်လေးတွေမှာတော့ တန်းစီ ဝယ်နေကြတာပေါ့” ပြောပါတယ်။ ဒီနေ့ မေ ၃၁ ရက်မှာ စက်သုံးဆီ အရောင်းဆိုင်တွေက ထုတ်ပြန်တဲ့ ဈေးနှုန်းအရ ရန်ကုန်ဈေးကွက်မှာ ၉၂ တစ်လီတာကို လက်လီဈေး ၂၂၂၅ ကျပ်၊ ၉၅ တစ်လီတာကို  ၂၃၄၀ […]

Most Read

2024-09-20 00:18:09