Breaking News >> News >> Democratic Voice of Burma


သင်္ဃန်းကျွန်းတွင် စစ်တပ်ကကားဖြင့်တိုက်ပြီး ကျောင်းသား ၅ ဦးထက်မနည်းကို ဖမ်းဆီး


Link [2022-05-31 11:38:21]



ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ မေ ၃၀ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးက “ခွေးပါးစပ်ထဲက တိုင်းပြည်ကို ရအောင်ပြန်ယူမယ်ဆိုတဲ့ စာသားပါ ပိုစတာကိုင်ဆွဲပြီး ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေ ဆန္ဒပြချိန်မှာ စစ်ကောင်စီတပ်သားတွေ အိမ်စီးကားနဲ့နောက်ကဝင်တိုက်ဖမ်းဆီးခဲ့လို့ ကျောင်းသား ၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။ အတည်ပြုလို့ရသလောက် အနည်းဆုံး ၅ ယောက်လောက်ပါသွားပြီး ဘယ်သူတွေ ပါသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ဆိုပါတယ်။ သပိတ်စစ်ကြောင်းကို အိမ်စီးကားနဲ့ နောက်ကဝင်တိုက်ပြီး ဖမ်းဆီးသွားတဲ့ ကျောင်းသားတွေကို ဘယ်နေရာကိုဖမ်းဆီးသွားတယ်ဆိုတာ ခုထိ မသိရသေးပါဘူး။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီ တပ်သားတွေက ကားနဲ့တိုက် ဖမ်းဆီးခဲ့ဖူးပါတယ်။

Most Read

2024-09-20 00:16:43