Breaking News >> News >> Democratic Voice of Burma


ပလက်ဝမြို့နယ် ရုပ်သားကျေးရွာက အဘွားအို ၁ ဦး မိုင်းထိ သေဆုံး


Link [2022-05-31 08:33:51]



ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရုပ်သားကျေးရွာက အသက် ၇၆ နှစ်အရွယ်  အဘွားအိုတယောက်  မေလ ၃၁ ရက် မနက်ပိုင်းက အိမ်အနီးရှိ တောင်မှာ ဟင်းခူးသွားနေစဉ်  မိုင်းထိပြီး ​သေဆုံးသွားတယ်လို့ ဖြူစင်မေတ္တာပရဟိတအသင်း (ကျောက်တော်)က တာဝန်ရှိသူ တယောက်က ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးမှာ ရုပ်သားကျေးရွာက အသက် ၇၆ နှစ်အရွယ် ဒေါ်မတင်သိန်းဖြစ်ပြီး မိုင်းထိလို့ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်စဉ် ကျေးရွာစက်လှေဆိပ်အရောက်မှာ သေဆုံးသွားတာဖြစ်တယ်လို့ ဖြူစင်မေတ္တာ ပရဟိတအသင်း(ကျောက်တော်)က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုသိန်းဇော်ချေက ပြောပါတယ်။ “မိုင်းမိတာက ဒီနေ့ မနက်ပိုင်း ၇ နာရီကျော်လောက်မှာဖြစ်တာပါ။ အိမ်အနီးမှာရှိတဲ့ တောင်ကို ဟင်းခူးသွားရာမှာ မိုင်းထိတာ ဖြစ်တယ်။ ညာဘက်ခြေတဖက်ပြတ်သွားတယ်။ ကျောက်တော်သို့ ယူလာစဉ် ကျေးရွာ ဘုတ်ဆိပ်အရောက်မှာ သေသွားတာဖြစ်တယ်။ အခုတော့ […]

Most Read

2024-09-20 00:23:49