Breaking News >> News >> Democratic Voice of Burma


ယူကရိန်းတွင် ပြင်သစ်သတင်းထောက် ၁ ဦး သေဆုံး


Link [2022-05-31 08:33:51]



ရုရှားတပ်တွေပစ်လိုက်တဲ့ ကျည်တစ်ခုက သံချပ်ကာ သယ်ယူပို့ဆောင်ရေးယာဉ်တန်းကို ထိမှန်ခဲ့အပြီး ပြင်သစ် သတင်းထောက် တယောက် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ယူကရိန်းနိုင်ငံအရှေ့ပိုင်း လူဟန့်စ်ဒေသထဲက အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရေး ကြိုးပမ်းမှုတွေကို မေ ၃၀ ရက်မှာ ဆိုင်းငံ့ထားတယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး က ပြောလိုက်ပါတယ်။ ကျည်အပိုင်းအစဟာ ကားရဲ့ သံချပ်ကာကို ထိုးဖောက် ဝင်ရောက်ခဲ့လို့ အထဲမှာ ထိုင်ရင်း ခရီးသွားနေတဲ့ ပြင်သစ် သတင်းထောက် သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက တယ်လီဂရမ် လူမှု ကွန်ရက်ပေါ်မှာ ရေးခဲ့တာပါ။  သေဆုံးသူ ဖဒရစ် လက်လာ့ခ် အီမက်ဖ်ဟာ သူတို့ဌာနမှာ အလုပ်လုပ်နေ သူလို့  ပြင်သစ်ရုပ်သံလိုင်း BFM TVက အတည်ပြု ထုတ်ဖော်ပြောဆိုပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) […]

Most Read

2024-09-19 13:54:57