Breaking News >> News >> Democratic Voice of Burma


အီဂျစ်တွင် ရှေ့ဟောင်းခေါင်းတလားနှင့် နတ်ကြေးရုပ်များ ဖော်ထုတ်တွေ့ ရှိ


Link [2022-05-31 08:33:51]



အီဂျစ်မြို့တော် ကိုင်ရိုနားက ရှေးဟောင်းသုတေသီတွေဟာ ရာချီတဲ့ ရှေးဟောင်း အီဂျစ် ခေါင်းတလားတွေနဲ့ နတ်ဘုရားတွေရဲ့ ကြေးရုပ်တွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဂီဇာစီရင်စုထဲက ဆက်ခါရာ ရွာအတွင်း နတ်ရုပ်တွေပါတဲ့ သင်္ချိုင်းကို တွေ့ခဲ့တာပါ။ ဆက်ခါရာ ပိရမစ်ကို တည်ဆောက်ခဲ့တဲ့ ဗိသုကာ အီမိုထပ်ရဲ့ ခေါင်းမပါတဲ့ ရုပ်တုကိုလည်း တွေ့ခဲ့တယ်လို့ အီဂျစ်ခရီးသွားလုပ်ငန်းနဲ့ ရှေးဟောင်း သုတေသန ဝန်ကြီးဌာနက မေ ၃၀ ရက်မှာ ပြောပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၅၀၀ လောက်က ခေါင်းတလား ၂၅၀ နဲ့ ကြေးရုပ် ၁၅၀ အပြင် တခြားပစ္စည်းတွေကို တွေ့ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ နတ်ဘုရားမ အိုက်ဇစ်ကို ပူဇော်ရာမှာသုံးတဲ့ ကြေးအိုးကြေးခွက်တွေနဲ့ ဆစ်ထရမ်လို့ ခေါ်တဲ့ ဂီတ တူရိယာတခုလည်း တွေ့တဲ့ပစ္စည်းတွေထဲမှာ […]

Most Read

2024-09-19 13:54:45