Breaking News >> News >> Democratic Voice of Burma


ရုရှားပစ်ခတ်မှုကြောင့် ခါကိဗ်မြို့ အရပ်သားအများအပြားဒဏ်ရာရပြီး နေအိမ်များ မီးလောင်


Link [2022-05-31 08:33:51]



ယူကရိန်းနိုင်ငံ ခါကိဗ်မြို့ မြောက်ဘက် ဆင်ခြေဖုံးမှာ မေ ၃၀ ရက်နေ့က ရုရှားတပ် ပစ်လိုက်တဲ့ အမြောက်ဆန်တွေ ကျရောက်ပေါက်ကွဲလို့ အရပ်သားအများအပြား ဒဏ်ရာရရှိပြီး နေအိမ် အတော်များများ မီးလောင်ခဲ့တယ်လို့ ခါကိဗ်ဒေသ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ယူကရိန်း သမ္မတ ဇလန်းစကီးက ခါကိဗ်မြို့ဆီ သွားရောက်ကြည့်ရှုအပြီး နောက်တရက်မှာ ရုရှားဘက်က အခုလို တိုက်ခိုက်လိုက်တာပါ။  ခါကိဗ်မြို့ဟာ ယူကရိန်းမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ရုရှားတပ်တွေက သိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ယူကရိန်းတပ်တွေက ရွပ်ရွပ်ချွံချွံပြန်ခုခံလို့ ဒီလအစောပိုင်းမှာ ရုရှားတပ်တွေ နောက်ဆုတ်ခဲ့ ရပါတယ်။  ဒါပေမဲ့ ခါကိဗ်မြို့ဟာ ရုရှားတပ်က အမြောက်နဲ့ လှမ်းပစ်တဲ့ ဒဏ်ကိုတော့ ဆက်ပြီးခံနေ ရပါတယ်။ 

Most Read

2024-09-19 13:55:37