Breaking News >> News >> Democratic Voice of Burma


ကလေးမြို့နယ်၊ သုံးအိမ်စုကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး


Link [2022-05-30 23:41:53]



စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သုံးအိမ်စုကျေးရွာရှိ  ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက  မေလ ၃၀ ရက် ဒီနေ့ မနက်ပိုင်းကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ အင်းကျော်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး နေအိမ် ဘယ်နှလုံးလောက် မီးလောင်ကျွမ်းခဲ့တယ်ဆိုတာကို  မသိရသေးဘဲ မီးခိုးတွေ အဝေးကလှမ်းမြင်နေရတယ်လို့ ဒေသခံရွာသားတွေက ဆိုပါတယ်။ သုံးအိမ်စုကျေးရွာက စစ်ဘေးရှောင်ဒေသခံတစ်ဦးက  “ရုတ်တရက်ကြီး စစ်ရှောင်ခဲ့ရတာ ရွာကိုတခါမှ စစ်ကြောင်းမထိုးဖူးဘူး။ ရွာကိုလည်းမီးရှို့နေတယ်။ အခုကတော့မီးခိုးတွေမြင်ရသလောက်ဆို တော်တော်များနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ် ကလေးမြို့နယ်ကို  စစ်ကောင်စီတပ်က အင်တာနက်လိုင်းတွေဖြတ်တောက် သတင်းအမှောင်ချထားတာ  ၃လဝန်းကျင်ရှိနေပြီဖြစ်ပြီး ကလေးမြို့နယ်အတွင်း အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကာ ကျေးရွာတွေကိုလည်း မီးရှို့ ဖျက်ဆီးနေတာဖြစ်ပါတယ်။

Most Read

2024-09-19 13:58:54