Breaking News >> News >> Democratic Voice of Burma


မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့ရှိ အိမ်တအိမ်တွင် ဗုံးပစ်ခံရပြီး သေနတ်ဖြင့်ပစ်ခံရသဖြင့် လူ ၁ ဦးဒဏ်ရာရ


Link [2022-05-30 23:41:53]



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှာ မေ ၂၉ ရက်နေ့လယ်က  နေအိမ်တစ်အိမ် အတွင်းကို ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နန်းမွန်းမြို့ ဈေးကွက်သစ်ရပ်ကွက်က ဦးတင်မြင့်ဆိုသူရဲ့နေအိမ်အတွင်းကို အမည်မသိ  လက်နက်ကိုင်အဖွဲ့က ဗုံးပစ်သွင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း  ဈေးကွက်သစ်ရပ်ကွက် နေထိုင်သူ တယောက်က ပြောပါတယ်။ “နေ့လယ် ၂ နာရီလောက်က ဖြစ်တာ။ လူသုံးယောက်က အိမ်ထဲ ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ဝင်ပစ်တယ်။ စုစုပေါင်း ခုနှစ်ချက် ရှစ်ချက်လောက်တော့ရှိတယ်။ ဦးတင်မြင့်ကတော့ လက်မောင်းသေနတ်မှန်သွားတယ်။ ဘယ်အဖွဲ့က ဘာကြောင့်ပစ်တာလဲဆိုတာတော့မသိဘူး။” သေနတ်မှန်သွားတဲ့ ဦးတင်မြင့်ကို ဟိုပင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုပေးထားရပါတယ်။ ဦးတင်မြင့်ဟာ အရောင်းအဝယ်စီးပွားရေးလုပ်တဲ့ သာမန် အရပ်သားတယောက်ဖြစ်ပြီး သူ့ကို ဘယ်အဖွဲ့က ဘာကြောင့်အခုလို ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ […]

Most Read

2024-09-19 13:54:41