Breaking News >> News >> Democratic Voice of Burma


ထိုင်းတွင် အန်ဂျီအိုများအပေါ် ထိန်းချုပ်မည့်ဥပဒေကို ကန့်ကွက်ဆန္ဒပြ


Link [2022-05-30 20:37:49]



ထိုင်းနိုင်ငံမှာ အန်ဂျီအို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအပေါ်ထိန်းချုပ်မယ့် ဥပဒေမူကြမ်းကို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၀ ကျော်မှ  လူပေါင်း ရာနဲ့ချီပြီး ဘန်ကောက်မြို့တော်မှာ မေ ၃၀ ရက်နေ့က  ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ ကိုယ်ကျိုးစီးပွါးကို ပဓာနမထားဘဲ အလှူရှင်တွေရဲ့ထောက်ပံ့ငွေတွေနဲ့ လှုပ်ရှားနေတဲ့  အန်ဂျီအိုတွေအနေနဲ့ အဖွဲ့ဆိုင်ရာအချက်အလက်တွေ၊ ငွေစာရင်းတွေကို အစိုးရထံမှာ ပွင့်လင်းမြင်သာတင်ပြရမယ့်အပြင် လူစုလူဝေးနဲ့ စီတန်းလှည့်လည်ဆန္ဒပြမှု ထိန်းချုပ်ဖို့တွေ ဥပဒေမူကြမ်းမှာ ပါရှိတယ်လို့ ဆိုပါတယ်။  ဒါဟာ အမျိုးသားလုံခြုံရေးအတွက် လုပ်ဆောင်ရတာလို့ အစိုးရဘက်က ပြောဆိုပေမယ့်လည်း အမျိုးသားလုံခြုံရေးထက် စစ်အာဏာရှင်ကအဖွဲ့အစည်းတွေအပေါ် ထိန်းချုပ်လိုခြင်းသာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။  ဥပဒေမူကြမ်းအရ ဘဏ်စာရင်းဖွင့်သူအမည်ဖော်ပြဖို့ ပျက်ကွက်ပါက  ဒဏ်ငွေ ဘတ် ၅၀,၀၀၀၊ ရက်လွန်ကြေး ၁ နေ့ ဘတ် ၁၀၀၀၊ ခွင့်ပြုချက်မရတဲ့အလုပ်ကို ဆက်လုပ်ပါက ဒဏ်ငွေ […]

Most Read

2024-09-19 13:59:22