Breaking News >> News >> Democratic Voice of Burma


ပလက်ဝတွင် မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရသည့် ခူမီးလူငယ် ၁ ဦး အကူအညီလိုအပ်နေ


Link [2022-05-30 15:33:51]



ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငချားကျေးရွာမှ ခူမီးတိုင်းရင်းသား လူငယ်တယောက် မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တဖက် ဖြတ်လိုက်ရပြီး  စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရာမှာ အကူအညီလိုအပ်နေတယ်လို့ မိသားစုထံက  သိရပါတယ်။ လူနာနဲ့အတူ စစ်တွေဆေးရုံကြီးမှာ ရောက်ရှိနေတဲ့ အဒေါ်ဖြစ်သူ ဒေါ်ပေကိုက”လူနာရဲ့ ညာဘက်ခြေထောက်ဖြတ်လိုက်ရတယ်။ ဘယ်ဘက်ခြေချင်းဝတ်က ဒဏ်ရာတွေကလည်း စိုးရိမ်စရာပါ။ ခါးအောက်ပိုင်းတခုလုံး ဒဏ်ရာတွေကလည်း အများကြီးပါ။ လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီတာမရှိသေးဘူး။ အကူအညီက လိုအပ်နေပါတယ်”လို့ ပြောပါတယ်။ အသက်၂၀ အရွယ် ခူမီးလူမျိုး  ကိုအောင်အောင်ဦးဟာ မေလ ၂၉ ရက် ညနေပိုင်း ၃ နာရီလောက်က  မီးကျောင်းတောင်မှာ တောင်ယာခုတ်ပြီး နေအိမ်သို့ ပြန်လာရာမှာ မြေမြှုပ်မိုင်း နင်းမိလို့ ညာဘက်ခြေချင်းဝတ်အောက် ပြတ်ဒဏ်ရာရရှိကာ ခြေထောက်ဖြတ်လိုက်ရတာပါ။ ဒဏ်ရာပြင်းထန်ရလာတဲ့ သူ့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း စက်လှေနဲ့ ကျောက်တော်သို့ […]

Most Read

2024-09-19 13:55:41