Breaking News >> News >> Democratic Voice of Burma


ဒန်ညက်စ်မြို့ရှိ အရေးပါသည့်အဆောက်အအုံများ ပျက်စီးဟု ယူကရိန်းသမ္မတ ပြော


Link [2022-05-30 15:33:51]



ရုရှားက ပစ်ခတ်လို့ ယူကရိန်းနိုင်ငံ ဆေဗေးရိုဒန်ညက်စ်မြို့အတွင်း မရှိမဖြစ် အရေးပါတဲ့ အခြေခံအဆောက်အအုံ အားလုံး ပျက်စီးသွားပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒိုမြာဇလန်းစကီးက မေ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။ မြို့ကို သိမ်းဖို့ဟာ ရုရှားရဲ့ အဓိကရည်ရွယ်ချက်လို့ ဇလန်းစကီးက ပြောကြားခဲ့သလို ရုရှားဟာ မြို့အတွင်းက ငြိမ်းချမ်းရေး ဟိုတယ်ကိုလည်း တိုက်ခိုက်ခဲ့လို့ ငြိမ်းချမ်းရေးဟာ ရုရှားအတွက် အဓိကပစ်မှတ်ပဲလို့ ဇလန်းစကီးက ရယ်စရာဟာသ လုပ်ရင်း ပြောခဲ့ပါသေးတယ်။ ဆေဗယ်စကီဒန်ညက်စ်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ ဆေဗေးရိုဒန်ညက်စ်မြို့ တိုက်ပွဲဟာ ရုရှားနယ်စပ်နားက လူဟန့်စ်နဲ့ ဒန်ညက်စ်မြို့တွေပါတဲ့ ဒွန်ဘက်စစ်လို့ ခေါ်သော ယူကရိန်းရဲ့ နယ်မြေ အစိတ်အပိုင်းထဲမှာ ရုရှားက အခိုင်အမာ ခြေကုပ်ယူနိုင်ခဲ့တာကို မီးမောင်းထိုးပြခဲ့ပါတယ်။ 

Most Read

2024-09-19 13:54:53