Breaking News >> News >> Democratic Voice of Burma


ဂျေရုဆလင်မြို့ဟောင်း၌ အစ္စရေးအမျိုးသားရေးဝါဒီများ ချီတက်


Link [2022-05-30 15:33:51]



ဂျေရုဆလင်မြို့ရဲ့ မြို့ဟောင်းက မွတ်စလင်ရပ်ကွက်မှာ အစ္စရေးအမျိုးသားရေးဝါဒီတွေ ထောင်ချီပြီး အလံတွေ ဝှေ့ယမ်းရင်း မေ ၂၉ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ပါလက်စတိုင်း အုပ်စုတွေကလည်း ဒီလုပ်ရပ်ဟာ အစ္စရေးနဲ့ ပဋိပက္ခ ပြန်လောင်ကျွမ်းစေနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါကြောင့် အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးတပ်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ပါလက်စတိုင်းအယောက် ၃၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။ ဂါဇာဒေသမှာလည်း ပါလက်စတိုင်းတွေက အစ္စရေးအမျိုးသားရေးဝါဒီတွေရဲ့ ချီတက်ပွဲကို ဆန္ဒပြရင်း အစ္စရေး အလံတခုကို မီးရှို့ခဲ့ကြပါတယ်။ အယ်လ်အက်ဆာ ဗလီဝင်းထဲမှာ ကာလကြာရှည် တားမြစ်ပိတ်ပင်ချက်ကို အာခံပြီး ဝတ်ပြုနေတဲ့ ဂျူးတွေ စံချိန်တင် ရောက်လာခဲ့ပါတယ်။ ပါလက်စတိုင်းတွေက ကျောက်ခဲတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့လို့ ရဲတွေကလည်း အစောပိုင်းမှာ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။ […]

Most Read

2024-09-19 13:55:10