Breaking News >> News >> Democratic Voice of Burma


နမ့်စန်တွင် နာမည်ကြီး အဆိုတော်များကိုခေါ်ယူ၍ လောင်းကစားပွဲများ အကြီးအကျယ် ကျင်းပနေ


Link [2022-05-30 15:33:51]



ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှာ  စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းပြီး လောင်းကစားပွဲတွေ အကြီးအကျယ်ကျင်းပနေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ လောင်းကစားပွဲမှာ လူစည်ကားဖို့အတွက်လည်း နာမည်ကြီး အဆိုတော်တချို့ကို ခေါ်ယူထားပြီး ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့က လုံခြုံရေး ယူပေးထားပါတယ်။ နမ့်စန်မြို့ခံတဦးက “လောင်းကစားပွဲတွေကို လက်နက်ကိုင်အဖွဲ့အစည်း တခုချင်းစီကနေ နာမည်ခံပြီး လုပ်နေကြတာ။ အခုထိ ရှိနေတုန်းနော်။ ပြီးတော့ လောင်းကစားပွဲမှာ လူစည်ဖို့အတွက် စတိတ်ရှိုးပွဲပါ ထည့်ထားတယ်။ ဝေလ၊ နီနီခင်ဇော်နဲ့ တခြားနာမည်ကြီး အဆိုတော်တွေပါတယ်။ တော်ရုံ တန်ရုံ အဆိုတော်တွေ မခေါ်ဘူး။ ပွဲကလည်း နေ့တိုင်း ရှိတာနော်။ အဆိုတော်တွေက သုံးရက်ကို တခါပြောင်းတယ်။ စတိတ်ရှိုးကို ဗန်းပြီပြီး လောင်းကစားပွဲတွေ လုပ်တာပေါ့။ အဆိုတော်တွေ လာလို့ရှိရင် လူတွေ လာကြမယ်လေ။ အဓိကက လောင်းကစားဝိုင်း လူစည်တာပေါ့” […]

Most Read

2024-09-19 13:56:13