Breaking News >> News >> Democratic Voice of Burma


ကလေးမြို့ အမှတ် (၈) အထက်တန်းကျောင်း မီးလောင်


Link [2022-05-30 11:32:22]



စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် စမ်းမြို့ရပ်ကွက်က အမှတ်- ၈ အခြေခံပညာအထက်တန်းကျောင်းမှာ မေ ၂၉ ရက်‌မနက်အစောပိုင်းက မီးလောင်ပြီး ကျောင်းဆောင်တချို့ မီးလောင်ပျက်စီးသွားပါတယ်။ ကျောင်းနားမှာနေတဲ့ ဒေသခံတစ်ဦးက”မနက်အစောပိုင်းမှာ ပစ်ခတ်သံတွေကြားရတာ။ အဲဒီနောက်မှာ စာသင်ကျောင်း ၂ ဆောင် မီးလောင်တာ။ ပျဉ်‌ထောင် ကျောင်းဆောင် တစ်ခုကတော့ ပြာကျသွားတာ။ နောက်ကျောင်း ဆောင် တစ်ခုကတော့ ပြာကျ မသွားဘူး။”လို့ ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ စာသင်ကျောင်းဆောင်ကို မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်တာ မဟုတ်ဘဲ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသာ မီးကိုငြှိမ်းသတ်သွားတယ်လို့ စမ်းမြို့ရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။ အ.ထ.က (၈) စာသင်ကျောင်း မီး‌လောင်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က PDF  တွေ မီးရှို့ဖျက်ဆီးခဲ့တာလို့ စွပ်စွဲ သတင်းထုတ်ပြန်ထားပေမဲ့ PDF တပ်ဖွဲ့ဘက်ကတော့ ငြင်းဆိုထားပါတယ်။ ကလေး […]

Most Read

2024-09-19 13:59:53