Breaking News >> News >> Democratic Voice of Burma


မြစ်ကြီးနှစ်စင်းကြား တည်ရှိနေတဲ့ မီးလျှံကြားက ကျေးရွာများ


Link [2022-05-30 11:32:22]



မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်လေးဟာ ဟိုးအရင် စစ်အာဏာမသိမ်းမီက နှစ်ပေါင်းများစွာ ငြိမ်းချမ်းသာယာစွာ ပြည်သူတွေ ရောင်းဝယ်ဖောက်ကား နေထိုင်ခဲ့ကြတဲ့ မြို့လေး ဖြစ်ပါတယ်။  ရေစကြိုမြို့လေးကတော့ ရှင်မတောင် တောင်ခြေမှာ တည်ရှိသလို တသွင်သွင်စီးဆင်းနေတဲ့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့ ဆုံရာကြားမှာ တည်ရှိတာဖြစ်ပြီး ထန်းလျက်နဲ့ သနပ်ခါးအဓိက ထွက်ရှိတဲ့  မြို့နယ်လေးအဖြစ် လူသိများပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းလိုက်ချိန်မှာတော့ ကြမ္မာဂြိုဟ်ဆိုး စတင်ဝင်ရောက်လာပြီး ရေစကြိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့  ဗုံးခွဲတိုက်ခိုက်မှုတွေ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ အပါအဝင် ကျေးရွာသူ ကျေးရွာသားတွေကိုပါ  ထင်ရာစိုင်း ပစ်ခတ်သတ်ဖြတ်မှုတွေကိုပါ ဒေသခံပြည်သူတွေ ခါးစည်း ရင်ဆိုင်လာရပါတယ်။ အထူးသဖြင့် ရေစကြိုမြို့နယ်အတွင်းက ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြားမှာရှိတဲ့ ရေလယ်ကျွန်းဒေသက ကျေးရွာလူနေအိမ်တွေကို […]

Most Read

2024-09-19 13:55:21