Breaking News >> News >> Democratic Voice of Burma


ဒေါင်းနှင့်ပိုင်ဖြိုးသုတို့ပါဝင်သည့် တော်လှန်ရေးရန်ပုံငွေ ရုပ်ရှင်ဇာတ်လမ်းတို-“နိုင်ငံပျောက်သူ” စတင်ကြည့်ရှုနိုင်


Link [2022-05-30 11:32:22]



မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်ကရပ်တည်ခဲ့ကြတဲ့ တော်လှန်အနုပညာရှင်တွေ ဖန်တီးပုံဖော်ရိုက်ကူးထားတဲ့ “နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတိုကို မေ ၃၀ ရက် ဒီကနေ့စတင်ထုတ်လွှင့်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ ဒါရိုက်တာဏကြီးက ကိုယ်တိုင်ဇာတ်လမ်းဖန်တီးရိုက်ကူးထားခဲ့တာဖြစ်ပြီး သရုပ်ဆောင်မင်းသား ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒါရိုက်တာ ဏကြီးက “ကျနော် စစ်မတိုက်တတ်ဘူး။ fundraising တွေလည်း မလုပ်တတ်ဘူး။ ကျနော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်။”လို့ ပြောပါတယ်။ “နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတိုထဲမှာ အဆိုတော် ကျားပေါက်ကလည်း ဂီတဖန်တီးမှုတွေနဲ့ ပါဝင်ထားပြီး တခြားသော တော်လှန်ရေး ရဲဘော်ရဲဘက် အနုပညာရှင်တွေကလည်း တတပ်တအား ပါဝင်ထားကြကာ ပဒေသာပင် Youtube ချယ်နယ်လ်ကနေ မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတိုကိုတော့ မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေ ရရှိရေးအတွက် တတပ်တအား ပါဝင်အားဖြည့်ကူညီတဲ့အနေနဲ့ ရိုက်ကူးထားတာမို့ ဇာတ်လမ်းတိုက်ရိုက်လင့်ခ်တွေ […]

Most Read

2024-09-19 13:59:50