Breaking News >> News >> Democratic Voice of Burma


ဖင်လန်စစ်သည်များ စစ်ရေးနှင့်လုံခြုံရေးသင်တန်းများ တက်ရောက်


Link [2022-05-29 15:17:53]



ဖင်လန်နိုင်ငံဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ အစည်းအဝေးမှာ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ဝင်အဖြစ် ထပ်အတည်ပြုပြီးတဲ့နောက် အရန်စစ်သည်တွေဟာ စစ်ရေးနဲ့ လုံခြုံရေးသင်တန်းတွေမှာ မေ ၂၈ ရက်က ပါဝင်လေ့ကျင့်နေပါတယ်။ MPK ပြဲ့စာမာကီလေ့ကျင့်ရေးကွင်းမှာ သင်တန်းမှူးက စေတနာ့ဝန်ထမ်းစစ်သည်တွေကို ပြင်ဆင်ရေးနဲ့ လုံခြုံရေး သင်တန်းတွေ၊ စစ်ရေးစွမ်းရည်တွေကို သင်ကြားပေးတဲ့ အမျိုးသား ကာကွယ်ရေးသင်တန်းအဖွဲ့ရဲ့ သင်ရိုးတွေ သင်ကြားနေပါတယ်။ ဖင်လန်နဲ့ အိမ်နီးချင်း ရုရှားက ယူကရိန်းကို ဆက်လက် ကျူးကျော်နေဆဲမို့ သူ့သင်တန်းမှာ လာတက်တဲ့ လူတွေ ပိုများလာလိမ့်မယ်လို့ သင်တန်းမှူးက ယုံကြည်ထားပါတယ်။ စိတ်ဝင်စားသူတွေ များနေလို့ သင်တန်းတက်ဖို့ တောင်းဆိုသူတွေ ပိုများနေတယ်လို့ သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ စစ်သင်တန်းကို စေတနာ့ဝန်ထမ်း လာတက်သူ ပါစီ ပတ်ကီနန်က ယူကရိန်းစစ်ပွဲဟာ […]

Most Read

2024-09-19 13:59:46