Breaking News >> News >> Democratic Voice of Burma


မွန်ပြည်နယ်၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၄ ဆခန့် မြင့်တက်


Link [2022-05-29 11:15:44]



မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အခုလအတွင်း ၄ ဆနီးပါး မြင့်တက်လာသလို သေဆုံးမှုတွေလည်း ရှိလာတဲ့အတွက် ကလေးသူငယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာ ပြသရင် နီးစပ် ဆေးရုံ၊ဆေးခန်းတွေမှာ အမြန်ဆုံး တက်ရောက်ကုသပေးကြဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။  သွေးလွန်တုပ်ကွေးရောဂါဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ ခြင်ကျား ကိုက်ခံရတာကတဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး အချိန်မီမကုသရင် အသက်သေဆုံးတဲ့ထိ ဖြစ်ပေါ်နိုင်ပါတယ်။ မွန်ပြည်နယ်မှာတော့ အခုနှစ် မေလတတိယအပတ်ထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့ ကလေးသူငယ် ၃၀၀ ကျော်ထိ ရှိလာခဲ့တာပါ။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ပြီးခဲ့တဲ့လတွေတုန်းက တပတ်ကို ကလေးသူငယ် ၁၀ ဦးလောက်သာ ရောဂါဖြစ်ပွားခဲ့ပြီး အခုမေလမှာတော့ တပတ်ကို အယောက် ၄၀ လောက်ထိ ကူးစက်ခံနေရသလို သွေးလွန်တုပ်ကွေး ရောဂါကြောင့် ကလေးငယ်တဦး […]

Most Read

2024-09-19 13:54:18