Breaking News >> News >> Democratic Voice of Burma


မကွေးနှင့်စစ်ကိုင်းတိုင်းက မြို့နယ် ၉ ခု ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ


Link [2022-05-29 11:15:44]



စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက မြို့နယ် ၉ ခု မှာ ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း မုံရွာ၊ ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ မကွေးတိုင်း မြိုင်၊ ရေစကြို၊ ဂန့်ဂေါနဲ့ပေါက်မြို့တွေကို  မေ ၂၈ ရက် ည ၁၂ နာရီကနေ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်မယ်လို့ သတင်းတွေထွက်ပေါ်ပြီး မကြာခင်မှာပဲ ဆက်သွယ်မရတော့တာလို့ မြို့ခံတဦးက ပြောပါတယ်။ “သူတို့ကတော့ ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန် လုံခြုံရေး ပိုမိုတင်းကြပ်ထားတဲ့ သဘောဖြစ်နိုင်တယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်က တော်တော်ဆိုးရွားပါတယ်။ အင်တာနက်လောက် ဖြတ်တာ ပြဿနာ မရှိပေမဲ့ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေကိုပါ အဆက်သွယ် ဖြတ်တောက်လိုက်တာတော့ တော်တော်ယုတ်မှာတဲ့ လုပ်ရပ်ပဲ။” ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဒီနေ့ညနေ ၄ […]

Most Read

2024-09-20 01:10:34