Breaking News >> News >> Democratic Voice of Burma


ချန်ပီယံလိဂ်ဆုဖလားရပြီးနောက် ဘလွန်းဒီအောဆုရရှိရန် ဘင်ဇီမာ မျှော်မှန်း


Link [2022-05-29 11:15:44]



ဥရောပချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ပြီးနောက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆုပါရရှိဖို့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာက မျှော်လင့်ထားပါတယ်။  ရီးရဲလ်အသင်းဟာ လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ဗင်နီဆီးယက်စ်ရဲ့ သွင်းဂိုးနဲ့ တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၁၄ ကြိမ်မြောက်ဥရောပချန်ပီယံအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။  ချန်ပီယံဆု ဖလားရယူနိုင်ခဲ့အပြီးမှာ ရီးရဲလ်အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပြီး အနိုင်ရလဒ်နဲ့ ထိုက်တဲ့အသင်းဖြစ်ကြောင်း၊ ဘလွန်းဒီအောဆုရဖို့အတွက် အရေးပါတဲ့ ဆုဖလားဖြစ်ကြောင်း တိုက်စစ် မှူး ဘင်ဇီမာက ပြောပါတယ်။ “ဒီဆုဖလားရယူနိုင်ခဲ့တာက ကျနော့်အတွက် အဓိပ္ပာယ်တွေအများကြီးရှိတယ်။ ဂုဏ်ယူစရာလည်း ကောင်းတယ်။ ဘလွန်းဒီအောဆု ရမလားဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ ရယူနိုင်ဖို့တော့ မျှော်လင့်တယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ ဒီနေ့နိုင်ပွဲရလို့ ပျော်ရွှင်ကျေနပ်ရတာပါပဲ” လို့ ဘင်ဇီမာက ပြောပါတယ်။  ဘင်ဇီမာဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ်ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုကို […]

Most Read

2024-09-20 01:11:24