Breaking News >> News >> Democratic Voice of Burma


ထားဝယ် အထက်တန်းကျောင်းရှေ့ ဗုံးကွဲ၊ သုံးဘီးယာဉ်မောင်း ၁ ဦး ဒဏ်ရာရ


Link [2022-05-28 20:06:08]



တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မြောက်ရွာရပ်၊ အာဇာနည်လမ်းမကြီးပေါ်ရှိ အမှတ် (၃) အထက်တန်းကျောင်းရှေ့မှာ မေ ၂၈ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ သုံးဘီးယာဉ်မောင်းတယောက် ဝမ်းဗိုက်မှာ ဗုံးစထိမှန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။ စစ်ကောင်စီက ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ ကျောင်းအပ်နှံရေးသတင်းပတ်ဖြစ်လို့ ကျောင်းအပ်လက်ခံနေချိန်မှာ  ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူကမှ သူတို့လက်ချက်လို့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။  ထားဝယ်မြို့ခံတစ်ဦးက “ကျောင်းအပ်နေတာလည်း  တော်တော်များတယ်ကြားတယ်။ ကျောင်းအပ်လက်ခံနေတော့ အစောင့်တွေရှိတယ်၊ ထင်ရောင်ထင်မှားဖြစ်စေချင်တာလားမသိဘူး” လို့ ပြောပါတယ်။ ကျောင်းသားမိဘတစ်ဦးကလည်း “အခုလိုမျိုး ဘယ်သူလာဖောက်လို့ ဖောက်မှန်းမသိတဲ့ ဗုံးတွေ ကျောင်းတွေမှာ ပေါက်ကွဲနေတာကတော့ ကလေးတွေကျောင်းတက်ရတာ မလုံခြုံဘူးဆိုတဲ့သဘောမျိုး သက်ရောက်စေတယ်”လို့  […]

Most Read

2024-09-20 01:08:54