Breaking News >> News >> Democratic Voice of Burma


ပြင်သစ်အစိုးရအတွက် လမ်းပြမြေပုံသစ် ဝန်ကြီးချုပ်ချမှတ်ကြေညာ


Link [2022-05-28 20:06:08]



ပြင်သစ်ဝန်ကြီးချုပ် အဲလိစဘက်ဘွန်းဟာ အစိုးရသစ်အတွက် လမ်းပြမြေပုံကို မေ ၂၇ ရက် ချမှတ်ခဲ့ပြီး လူနေမှုစရိတ်ကိစ္စကို  အစိုးရရဲ့ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။  ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို တိုက်ဖျက်ဖို့ ပြင်သစ်နိုင်ငံဟာ ပိုပြီးမြန်မြန်နဲ့ အားကောင်းကောင်းလုပ်ဖို့ လိုအပ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သလို မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်မှုဖြစ်တဲ့ ပြင်သစ်ရဲ့ ငွေကြေးတန်ဖိုးကို ကာကွယ်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။  ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ဟာ ဇွန်လမှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေ လုပ်နေချိန်မှာ သူ့ရဲ့ဝန်ကြီးချုပ်သစ်အဖြစ် အရင်အလုပ်သမားဝန်ကြီး  အဲလိစဘက်ဘွန်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံမှာအမျိုးသမီးတယောက်ကို အခုလို ဝန်ကြီးချုပ် တာဝန်ပေးအပ်လိုက်တာ နှစ်ပေါင်း ၃၀ အတွင်း ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။

Most Read

2024-09-20 01:09:34